Monday, October 18, 2010
မျိုးကြီးရဲ့ မျှော်လင့်ချက်မဲ့ သီချင်းပါ
မျိုးကြီးရဲ့ မျှော်လင့်ချက်မဲ့ဆိုတဲ့ သီချင်းနဲ့ ကျွန်တော်ကြိုက်တဲ့ The Snow Queen ဆိုတဲ့ကိုရီးယားကားထဲက ပုံတွေနဲ့ကို ကျွန်တော်မတောက်တခေါက်တတ်ထားတဲ့ ပညာနဲ့ လုပ်ထားတာပါ။
Tuesday, September 21, 2010
သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်
သော့တံလေးရဲ့ ဒဏ္ဍာရီ
ကောင်မလေးတစ်ယောက်
သူ့ လက်ထဲမှာ သော့တံလေးတစ်ချောင်းကို မြဲမြဲကိုင်ဆုပ်ထားလို့
သော့တံလေးမှာလည်း အပဲ့လေးတွေနဲ့ ပေါ့
သူနဂိုတပ်ထားတဲ့သော့အိမ်လေးက လာပြောတယ်။
သူ အခုနောက်ထပ်သော့တံတစ်ချောင်း တပ်ထားပါတယ်
ဒါပေမယ့် သူ့ ကိုနားလည်ပေးသင့်ပါတယ်တဲ့။
ကောင်မလေး ခေါင်းခါပြီး သော့တံကို ဆွဲထုတ်လိုက်လို့ ပဲ့သွားခဲ့တာလေ။
နောက်ပိုင်းမှာတော့ ကောင်မလေးကသူ့ သော့တံကို ထပ်အနာမခံစေတော့ဘူး။
နောက်ပိုင်းကြတော့ သော့အိမ်တစ်လုံးက လာပြီးပြောတယ်။
ငါဟာ မင်းရဲ့ထာဝရသော့အိမ်လေးပါတဲ့။
ကောင်မလေး အရမ်းပျော်သွားတယ်။
ဒီသော့အိမ်လေးထဲမှာပဲ သူ့ သော့တံလေးကို အမြဲတမ်းထည့်ပြီး
သိမ်းဆည်းထားတော့မယ်ပေါ့။
နောက်သော့အိမ်လေးတစ်လုံးက ထပ်လာပြောပြန်ရော
ငါတို့ ရဲ့ ရင်းနှီးခဲ့တဲ့အချိန်ကာလတွေကို
ထာဝရတည်ရှိကြရအောင်တဲ့ဗျာ။
ကောင်မလေးတွေဝေသွားခဲ့တယ်ဗျ။
သူတစ်ယောက်ထဲ အချိန်အကြာကြီးစဉ်းစားနေခဲ့တယ်။
ဘယ်သော့အိမ်ထဲကို ထည့်ရကောင်းနိုးနိုးပေါ့။
သူ့ ရဲ့စိတ်က သူ့သော့လေးကို
တစ်ဖက်က သော့အိမ်လေးဆီမှာပဲထည့်ထားချင်တယ်။
တစ်ဖက်ကသော့အိမ်ထဲမှာကလည်း ကာလရှည်ကြာထားရှိခဲ့တဲ့ ခင်မင်ရင်းနှီးမှုတွေကလည်း
တည်ရှိနေခဲ့တယ်။
ကောင်မလေး ပင့်သက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်တယ်။
ခင်မင်ရင်းနှီးမှုတွေရှိနေခဲ့တဲ့ သော့အိမ်လေးကို လှည့်ပြီးပြောလိုက်တယ်။
“သူငယ်ချင်း... တခါတရံ friend forever ကသူငယ်ချင်းတွေကြားမှာ ပိုပြီးနွေးထွေးမှုဖြစ်စေတယ်ဟ.."တဲ့
အဲ့သော့အိမ်လေးက ခေါင်းငိုက်စိုက်ချပြီး
“နင့်ရဲ့ သတ်မှတ်ချက်အောက်မှာ ငါနေတတ်အောင်နေရမှာပေါ့”လို့ ပြောပြီး လှည့်ပြန်သွားခဲ့တယ်။
နောက်ဆုံးတော့
ကောင်မလေးက သူ့ ရဲ့နဂိုရွေးချယ်ခဲ့တဲ့ သူ့ သော့အိမ်လေးဆီကို
အပြေးပြန်လာခဲ့တယ်။
အခုချိန်ကစပြီးတော့ ကောင်မလေးရဲ့သော့တံလေးက
သူ့ ရဲ့ထာဝရသော့အိမ်ထဲမှာ နွေးထွေးမှုအပြည့်နဲ့ ငြိမ်သက်လို့ပေါ့။
samanosuki
Wednesday, August 4, 2010
Subscribe to:
Posts (Atom)